Header Ads

မိန်းကလေးတွေရဲ့ အံ့သြစရာအချက် (၁၀) ချက်


အမျိုးသမီးတွေနဲ့ ပတ်သတ်တဲ့ အံ့သြစရာ (၁၀) ချက် 💁‍♀

 အမျိုးသမီးတွေနဲ့ ပတ်သတ်တဲ့ ဒီအံ့သြစရာ အချက်လေးတွေကတော့ ၂၀၁၅ ခုနှစ်တုန်းက indiatimes.com ဆိုတဲ့ site လေးမှာ ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။ အမျိုးသမီးတွေနဲ့ ပတ်သတ်ပြီး ထူးထူးဆန်းဆန်း စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်လေးတွေ မလို့ မျှဝေလိုက် ပါတယ်နော်။

 ❎ စစ်တမ်းအရ စက္ကန့်90 အတွင်းမှာ ကိုယ်ဝန်ဆောင်နေစဉ် (သို့) မွေးဖွားနေဆဲ အမျိုးသမီး (1)ဦး ပုံမှန်သေဆုံးလျက်ရှိကြောင်း သိရှိရပါတယ်။

 ❎ အမျိုးသမီး တစ်ဦးဟာ တစ်နေ့မှာ စကားလုံး 20,000 လုံးခန့် ပျမ်းမျှပြောဆိုလေ့ ရှိပါတယ်။ အဲ့ဒီ အရေအတွက်ဟာ အမျိုသားတွေထက် 13,000 လုံးခန့် ပိုမိုများပြား နေတာကိုလည်း တွေ့ရပါတယ်။ တော်တော်စကားများတဲ့ အမျိုးသမီးတွေနော် :3

 ❎ ရုရှားနိုင်ငံမှာ အမျိုးသမီးဦးရေဟာ အမျိုးသားတွေထက် 9 မီလီယံနီးပါး ပိုမို များပြားပါတယ်။

 ❎ အမျိုးသမီးတွေရဲ့ ပျမ်းမျှသက်တမ်းမှာ ဘယ်အဝတ်အစားကို ဝတ်ရင်ကောင်းမလဲ ဆိုပြီး စဉ်းစားနေတဲ့ အချိန်ဟာ 365 ရက်ခန့် ကြာမြင့်ပါတယ်။ 

❎ အမျိုးသမီးတွေဟာ တစ်နှစ်မှာ အကြိမ် 30 ကနေ 64 ကြိမ်ထိ ငိုကြွေးလေ့ရှိကြပြီး အမျိုးသားတွေကတော့ 6 ကြိမ်ကနေ 17 ကြိမ်အတွင်းပဲ ငိုကြွေးလေ့ ရှိကြပါတယ်။

❎ အမျိုးသားတွေဟာ တစ်နေ့မှာ 6 ကြိမ်ခန့် လိမ်ညာပြောဆိုလေ့ ရှိတတ်ကြပါတယ်။ အဲ့ဒီ အကြိမ်အရေအတွက်ဟာ အမျိုးသမီးတွေထက် ၂ဆခန့် ပိုမိုများပြားပါတယ်။ 

❎ အမျိုးသမီးတွေရဲ့ နှလုံးခုန်နှုန်းဟာ အမျိုးသားတွေထက် ပိုမိုမြန်ဆန်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါဟာ အမျိုးသမီးတွေအတွက် အဓိက အန္တရယ်ပေးဆုံး ရောဂါလည်း ဖြစ်ပါသေးတယ်။

 ❎ အမျိုးသမီးတွေရဲ့ လျှာမှာ အရသာခံဖုလေးတွေဟာ အမျိုးသားတွေထက် ပိုမိုများပြားပါတယ်။

 ❎ အမျိုးသမီး ၁၀၀ မှာ ၂ယောက်ကပဲ မိမိကိုယ်ကို လှတယ်လို့ ထုတ်ဖော်ပြောလေ့ရှိပြီး ကျန်တဲ့ ၉၈ယောက်ကတော့ မိမိကိုယ်ကို မလှဘူးလို့သာ ပြောလေ့ရှိကြပါတယ်။

❎ အမျိုးသမီး တစ်ယောက်ဟာ တစ်မိနစ်မှာ 19 ကြိမ်ခန့် မျက်တောင် ခတ်လေ့ရှိပြီး အမျိုးသားတွေကတော့ ၁၁ ကြိမ်ခန့်သာ ခတ်လေ့ရှိကြပါတယ်။ ကိုယ့်ရဲ့သူငယ်ချင်းတွေဖတ်ဖို့ ပိုစ့်လေးကို Like / Share လုပ်ခဲ့ဖို့မမေ့နဲ့ဦးနော်...

 Credit to upupmm

No comments

Powered by Blogger.